ရွှေဘို စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ၁နာရီချိန်က ရွှေဘိုမြို့နယ်သမဝါယမအသင်းစုရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းတက်ရောက်ကြသူများအနေဖြင့် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချနိုင်သည်အထိ ကြိုးစားအားထုတ်ကြရန်ပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိူးထက်မောင်က အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံခြားမှတင်သွင်းလာသော လူသုံးကုန်ပစ္စည်းများနေရာတွင် ပြည်တွင်းဖြစ်လူသုံးကုန်များဖြင့် အစားထိုးနိုင်ရန် နိုင်ငံခြားသုံးငွေလျှော့ချနိုင်စေရန်၊ဒေသခံပြည်သူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်ပြီး တစ်ဦးခြင်းဝင်ငွေတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် နည်းပြနှစ်ဦးတို့က၊ လူသုံးကုန်ပစ္စည်းများတွင် အသုံးပြုသော လုပ်ငန်းသုံးဓါတုပစ္စည်းများအကြောင်း၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ လက်ဆေးရည်ပြုလုပ်နည်း၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်ဆပ်ပြာမှုန့်၊ အမွေးဆီ၊ Hand Gel ၊Hand Spray ပြုလုပ်နည်းများကို စက်တင်ဘာ(၁၅)ရက်နေ့မှ (၁၉)ရက်နေ့ထိ (၅)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/ သူ(၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်