လိပ်သို စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ယာဉ်စည်းကမ်းလမ်းစည်းကမ်း ” အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါကွောထူးတို့မှ ယာဉ်စည်း ကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများ သတိပြုလိုက်နာရန်အချက်များ၊ မော်တော်ဆိုင်ကယ်စီးနင်းသူနှင့် (ကား) ယာဉ်မောင်းများ လိုက်နာရန် စည်းကမ်းများ၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်တိုက်မှုလျော့နည်း ကျဆင်းပပျောက်ရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား လမ်းညွှန်အမှတ်အသား လိုက်နာရန်၊ အရည်အချင်းပြည့်၀သော ယာဉ်မောင်းတစ်ဦးဖြစ်ဖို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဗဟိုကော်မတီမှ ထုတ်ပြန်ထားရှိသော ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ လက်သုံးဆောင်ပုဒ်များကိုလည်း လိုက်နာရန်လိုအပ်ကြောင်း စသည့်ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေဆိုင်ရာများအား အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)