၂၀၂၃ - ၂၀၂၄ ဘဏ္ဍာ​ရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ အ​ကောင်အထည်​ဖော်​ ဆောင်ရွက်နိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ချောက် စက်တင်ဘာ ၁

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင်၂၀၂၃-၂၀၂၄ဘဏ္ဍာ​ရေးနှစ်၊ စီမံကိန်းရည် မှန်းချက်များအ​ကောင်အထည်​ဖော်​ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယမန်​​နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ​ ခရိုင်စီမံကိန်း​ရေးဆွဲအ​ကောင်အထည်​ဖော်​ရေး​ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်​ရေးမှူး ဦး​ဌေး​ကျော်က ခရိုင်အတွင်း၂၀၂၃-၂၀၂၄ ဘဏ္ဍာ​ရေးနှစ် စီမံကိန်းရည်မှန်းချက်များ အ​ကောင်အထည်​ဖော်​ ဆောင်ရွက်နိုင်​ရေး​နှင့်ပတ်သက်၍ လုပ်ငန်းအခြေအနေများအား ဆွေး​နွေး​ပြောကြားခဲ့သည်။

ယင်း​နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ​ရေးနှစ်စီမံကိန်းရည်မှန်းချက်များ အ​ကောင်အထည်​ဖော်​ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရေနံ​ချောင်းမြို့နယ် စီမံကိန်း​ရေးဆွဲအ​ကောင်အထည်​ဖော်​​ရေး​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်ဇင်ဦး​​နှင့် ရေနံ​ချောင်းမြို့နယ် စီမံကိန်း​ရေးဆွဲအ​ကောင်ထည်​ဖော်​​ရေး​ကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ရေနံချောင်းမြို့နယ်နှင့် ပတ်သက်၍လည်း​ကောင်း၊ ချောက်မြို့နယ် စီမံကိန်း​ရေးဆွဲ​အ​ကောင်အထည်​ဖော်​ရေး​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးစိုးလွင်နှင့် ချောက်မြို့နယ် စီမံကိန်း​ရေးဆွဲ​အ​ကောင်အထည်​ဖော်​ရေး​ကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ​ဒေါ်စန်းစန်းလဲ့​က ချောက်မြို့နယ်နှင့်ပတ်သက်၍ လည်းကောင်း အသီးသီး​ဆွေးနွေးတင်ပြခဲ့သည်။

ထို့​နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်အတွင်း ပြည်​ထောင်စုဘဏ္ဍာရန်ပုံ​ငွေ တိုင်း​ဒေသကြီးရန်ပုံ​ငွေဖြင့်​ ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ​ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန၊ မြို့နယ်ပညာ​ရေး၊ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနတို့က အသီးသီး​ဆွေး​နွေးတင်ပြခဲ့ရာ ခရိုင်အုပ်ချုပ်​ရေးမှူးက လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်