ကော့ကရိတ် စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် စာပေချစ်မြတ်နိုးသူများ စာအုပ်စာပေများကို စဉ်ဆက်မပြတ်ဖတ်ရှုနိုင်ရေးနှင့် စာဖတ်သူဦးရေ တိုးပွားလာစေရေးအတွက် Mobile စနစ်ဖြင့် အပတ်စဉ်ကြာသပတေးနေ့တိုင်း စာအုပ်များကို လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေမွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံးရှိ ဝန်ထမ်းများထံသို့ သုတ၊ ရသစာပေများကို Mobile စနစ် ဖြစ်အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာပေများငှားရမ်းပေးစဉ် စာဖတ်သူဦဂရေတိုးပွားလာစေရေးနှင့် စာဖတ်သူများအဆင်ပြေစေရေးအတွက် စာဖတ်ပရိတ်သတ်များ၏ ဖတ်ရှုလိုသော စာအုပ်များ ငှားရမ်းဆောင်ရွက်ပေးခြင်းနှင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများအတွက် အပတ်စဉ် ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ Mobile စနစ်ဖြင့် ဗဟုသုတရရှိနိုင်မည့် သုတ/ရသ စာအုပ်များကိုလည်း စနစ်တကျငှား ရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)