ရွှေဘို စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်၁၀နာရီအချိန်က ရွှေဘိုမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦစီးအရာရှိဒေါ်အေးမြင့်စန်းက လူငယ်များတိုးတက်အောင်မြင်ရေး ရည်မှန်းချက်ထားကြိုးစားကြရန် လူငယ်များသည် နိုင်ငံ၏အနာဂတ်များဖြစ်ရာ စာတတ်ရုံသာမက ပြင်ပအသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝသည့် ပညာတတ်များဖြစ်ရန် ကြိုးစားကြရန်လိုကြောင်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး စသည်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် လူကုန်ကူးမှုဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်