မြဝတီ စက်တင်ဘာ ၁၅
၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက အထိမ်းအမှတ်နေ့များနှင့်ဆိုင်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ အိုဇုန်းလွှာ၏ အဓိပွါယ်ဖွင့်ဆိုချက်၊ အိုဇုန်းလွှာတည်ရှိရာနေရာများ၊ အိုဇုန်းလွှာပါးလာရသည့် အကြောင်းရင်းများ၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ၊ အိုဇုန်းလွှာပျက်စီးမှုမှ ကာကွယ်ရန်ထိန်းသိမ်းရမည့်အချက်များနှင့် သက်ရှိသတ္တဝါများအတွက် ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်ရမည့်နည်းလမ်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)