ပိုင်ကျုံ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ မြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးလျက်ရှိသည်။
ပိုင်ကျုံမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ် (၆၃၁) သန်းဖြင့် အုတ်စီရေမြောင်းလုပ်ငန်း (၄) ခု တည်ဆောက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများကို ဩဂုတ်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အအရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများပြီးစီးပါက မြို့သာယာလှပလာမည့်အပြင် ရေစီးရေလာကောင်းမွန်လာပြီး ဒေသနေပြည်သူများ၏ ကျန်းမာရေး၊ လူနေမှုဘဝနှင့် သွားရေးလာရေးအအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရှိရသည်။
နော်ခူး (ပြန်/ဆက်)