မင်းကင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေး

မင်းကင်း စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အမှတ်(၃)ရပ်ကွက်နှင့် မြို့မစျေးလမ်းဆုံနေရာ၌ တန်ဖိုးသင့် စားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မိဘပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် အထုပ်တစ်ထုပ်လျှင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်ကျပ်သား၊ အာလူးနှစ်ဆယ့်ငါးကျပ်သား၊ ကြက်သွန်နီနှစ်ဆယ့်ငါးကျပ်သားတို့အား တစ်ထုပ်လျှင်(၃၅၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး အရင်းတန်ဖိုးမှာ တစ်ထုပ်လျှင်(၄၆၀၀)ကျပ်ဖြစ်ရာ မိဘပြည်သူများထံသို့ အထုပ်ပေါင်း(၃၀၀) ရောင်းချပေးခဲ့ကြသည်။

၏အဆိုပါရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှငွေ