ပေါက်ခေါင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက အမက မူလွန်(ရွာထောင်)ရှိ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးဟောပြောရာတွင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန် က ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေး "လူငယ်နှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးများ" အကြောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုးနိုင် က "လူငယ်နှင့်အနာဂတ်ရည်မှန်းချက်" အကြောင်းအရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ပုံပြင်ပြောပြခြင်း၊ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းနှင့် မူယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် အသိပညာပေးနံရံကပ်စာစောင်မှ မူးယစ်ဆေးအမျိုးအစားများ၊ ကွမ်းစားခြင်းအန္တရာယ်အသိပညာပေးနှင့် ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)