ထန်းတပင်(ပဲခူး) စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတစ်ကျော့ပြန်လည်ကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကြီးကြပ်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူစည်ကားသည့် စစ်တောင်းတံတားထိပ်တွင် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်း ဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်း ခရီးသွားများနှင့်ဈေးရောင်း/ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်စေရန်၊ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသူတိုင်း နှာခေါင်းစည်း(Mask)ကို တပ်ဆင်သွားလာရန်၊ လက်ကိုမကြာခဏစင်ကြယ်စွာ ဆေးကြောသည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေးပြောကြားခြင်းနှင့် နှာခေါင်းစည်း(Mask)ကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နှာခေါင်းစည်း(Mask) စုစုပေါင်း(၁၀၀၀)ခုကို အခမဲ့ဖြန့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)