ဆိပ်ဖြူ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဆရာဦးခင်ဝင်းက စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများကို မိတ်ဆက်အမှာစကား ပြောကြားပေးပြီး နိုင်ငံကျော် စာရေးဆရာကြီးဆရာအောင်သင်းရေးသားသည့် ကိုယ်ကျင့်နဲ့ပညာစာအုပ်မှ စာပေမှရရှိသည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြောကြား ဆွေးနွေးပေးသည်။ ထိုနောက် စာပေချစ်မြတ်နိုးသူများကလည်း ဖတ်ရှုလေ့လာထားသည့် စာအုပ်မှ သိမှတ်ဖွယ်ရာ စာပေဗဟုသုတများကို ပြန်လည်မျှဝေ ဆွေးနွေးပေးကြပြီး စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များသည် မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာအုပ်များ ဖတ်ရှုလေ့လာခြင်း၊ စာအုပ်စာပေများဖတ်ရှုရန် ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် အကြံပြုဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)