ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)စာဖတ်ဝိုင်း ကျင်းပ

​ရွှေဘို စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ​ရွှေဘိုမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ကျင်းပခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်​ ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လက်​ထောင်ညွှန်ကြား​ရေးမှူး​ ဒေါ်​အေးမြမွန်က အဖွင့်အမှာစကား ​ပြောကြားပြီး​နောက် ​ရွှေဘိုမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဆရာ​အောင်ဘုန်းညို၊ အဖွဲ့ဝင်ဆရာ​ ရွှေ​စောသက်၊ ဆရာမြတ်သာထွန်း(​ရွှေစံပြ)နှင့် တက်​ရောက်လာ​​သော စာ​ပေဝါသနာရှင်များက ရွှေဘိုသွေး မဂ္ဂဇင်းအမှတ် ၃၊ အ​တွေးအမြင်ကဏ္ဍပါ ဆရာ​နကျယ်အိမ်​(​ရွှေဘို​သွေး)၏​ နေမညိုခင်ဘဝပြိုခဲ့ရရှာတဲ့စာဆိုရှင်အား၊ ဝိုင်းဝန်း​ဆွေး​နွေးခဲ့ကြပြီး အသင်းဥက္ကဋ္ဌ ဆရာ​အောင်ဘုန်းညိုက နိဂုံးချုပ်စကားပြောကြားခဲ့‌ကြောင်း သိရှိရသည်။

ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွား လာစေရန်အတွက်  စာရေးဆရာများ၊  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)