ဘိုကလေး စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်များအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောင်သပြေဈေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယနေ့နံနက်(၁၀)နာရီ၌ နှာခေါင်းစည်း တပ်ဆင် ရောင်းဝယ်နိုင်စေရေး (Mask Campaign) လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း (Mask)အခု (၃၀၀)အား အခမဲ့ပေးဝေခြင်းနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာများအား အသိပညာ ပေးခဲ့သည်။
အသိပညာပေးရာတွင် ဈေးရောင်း၊ ဈေးဝယ်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) ကိုမဖြစ်မနေ စနစ်တကျတပ်ဆင်သွားလာရန်၊ ရောင်းဝယ် ဖောက်ကားရာ၌ နှာခေါင်းစည်း (Mask)တပ်ဆင် ရောင်းချကြရန်၊ ကိုဗစ်-၁၉ ရောဂါစည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် ထိုးနှံကြရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)