လက်ပံတန်း-သာရဝေါ လော်ကယ်ရထားလိုင်း ဖွင့်လှစ်ပြေးဆွဲ

လက်ပံတန်း  စက်တင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြန်မာ့မီးရထား တိုင်းအမှတ်()  လက်ပံတန်းမှ သာရဝေါသို့ လော်ကယ်ရထားလိုင်းကို စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ပံတန်း-သာရဝေါ  လော်ကယ်ရထားခရီးစဉ်ကို စက်တင်ဘာ ၁၆ ရက်နေ့ မှစတင်၍ တစ်ပတ်လျှင် တနင်္လာနှင့်သောကြာနေ့များတွင် သာရဝေါဘူတာမှ နံနက် ၆နာရီခွဲတွင် ထွက်ခွာ၍ လက်ပံတန်းဘူတာသို့ ၈နာရီခွဲတွင် ရောက်ရှိမည့် အမှတ်(၁၉၆)အစုန်ခရီးစဉ်နှင့် လက်ပံတန်းဘူတာမှ မွန်းလွဲ ၂နာရီခွဲတွင် ထွက်ခွာပြီး၊ သာရဝေါဘူတာသို့ ညနေ ၅နာရီတွင် ရောက်ရှိမည့် အမှတ်(၁၉၅) အဆန်ခရီးစဉ်ကို လမ်းခရီးတွင် ညောင်ဝိုင်း၊ ကျောက်အိုင်၊ စည်ပင်သာယာ၊ ခမုံဆိပ်၊ မြစ်မခ၊ သံဖြူရုံ၊ ကညင်တို၊ ဇီးဖြူကုန်း၊ ဇီးဖြူကုန်းရွာမ၊  ()ဘူတာ ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား လက်ပံတန်းဘူတာရုံပိုင်ကြီးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)