ပေါင်းတည် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများအား လုပ်ငန်းလိုင်စင်နှင့် ဆေးကုခန်းအခြေအနေများအား စစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က မြို့ပေါ်ရပ်ကွက်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြီးကြပ်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသန်းသန်းချစ်နှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိ မေတ္တာဦး (သွားနှင့်ခံတွင်းဆေးကုခန်း)၊ ထွန်းနေလဆေးခန်း၊ စွမ်းအား(အထွေထွေရောဂါရှာဖွေရေးနှင့်ဆေးကုခန်း)၊ မာစေအောင်ဆေးကုခန်းနှင့် ဆုလာဘ်ဆေးခန်းများသို့ သွားရောက်ပြီး ဆေးကုခန်များလုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်း ရှိ/မရှိ၊ ဆေးကုခန်းသို့ လူနာကုသမှုအခြေအနေ၊ ဆေးကုခန်း၏ အကျယ်အဝန်း၊ အတွင်းလူနာနှင့် ခွဲစိတ်ခန်း ရှိ/မရှိ၊ ရောဂါစမ်းသပ်မှုစက်ကရိယာများနှင့် အမျိုးအစား၊ သွေးသိုလှောင်မှု စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုစနစ်အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)