ကြာအင်းဆိက်ကြီးမြို့နယ်၌ (၁၀) ဧကအောက် ရာဘာခြံရှင်များအား formix Acid 25kg အခမဲ့ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ (၁၀) ဧကအောက် ရာဘာခြံရှင်များအား တစ်ဦးလျှင် Formix Acid 25Kg အခမဲ့ ထောက်ပံ့ပေးနိုင်ရေးအတွက် GRO Myanmar နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီမြို့နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့မှ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ‌‌ဦးစောဝေလင်းညွန့် က ရာဘာခြံရှင်များအား Formix Acid 25Kg အခမဲ့ ထောက်ပံ့ပေးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  ကြာအင်းဆိပ်ကြီးမြို့နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က ရာဘာခြံရှင်များအား အဆင်ပြေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် အသင်းအနေဖြင့် အခမဲ့ထောက်ပံ့ပေးနေမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)