ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၁၅
လူကုန်ကူးမှုတားဆီးကာကွယ်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်နန်းညွန့်ညွန့်ဆွေက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ လူကုန်ကူးခံရမှု အခြေအနေများ လူကုန်ကူးမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ် ဥပဒေဆိုင်ရာများ အား ဆွေးနွေးပြောကြားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စဉ်ဆက်မပြတ် ဆွေးနွေးပွဲ များအား ပြုလုပ်ကျင်းပပေးလျက်ရှိရာ ပြည်သူများအနေဖြင့် လေ့လာသိရှိလိုသည်များအား Online မှတစ်ဆင့် We Love kyarinn seikkyi Facebook page တွင်ဝင် ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)