ကျွန်းလှ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြည်သူများ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၆ နာရီခွဲက ကျွန်းလှမြို့ ပိတောက်မြိုင်ရပ်ကွက်နှင့် ပျဉ်းမမြိုင်ရပ်ကွက် ဈေးအနီး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ကြက်သွန်နီ ၂၅ ကျပ်သား၊ အာလူး ၂၅ ကျပ်သား ပစ္စည်းလေးမျိုးကို ငွေကျပ် ၃၅၀၀ ဖြင့် ဈေးနှုန်းချိုသာစွာ အိမ်စု ၁၄၇ စုအား လှည့်လည်ရောင်းချပေးခဲ့သည်။
အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်အင်သာယာအမှုဆောင်အရာရှိ ဦးစိုးထိုက်နှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရသည်။
မျိုးဝင်းညို (ပြန်/ ဆက်)