ဆွမ်ပရာဘွမ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဆွမ်ပရာဘွမ်  စက်တင်ဘာ  ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒိန်ခန်ယုံခက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ရွေးကောက်ပွဲ ဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သင်တန်း ပို့ချမည့်အခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက သင်တန်း ဖွင့်လှစ်နိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ်  ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းကို မြို့ပေါ်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု () အုပ်စုအတွင်းရှိ သင်တန်းသူ၊ သင်တန်းသား (၃၀) ဦးခန့်အား စက်တင်ဘာလ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)