လပွတ္တာ စက်တင်ဘာ ၁၅
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှု သင်တန်းကျောင်းရှိ သင်တန်းသားများအား သုတ ရသ စာအုပ် စာစောင်များ လေ့လာဖတ်ရှုပြီး စာပေအသိအမြင်များနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတို့မှပူး ပေါင်းဆောင်ရွက်ကျင်းပသည့် စာပေစကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါစကားဝိုင်း၌ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက စာပေစကားဝိုင်း ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသားများက စကားတို့၏အစွမ်း၊ ဆင်းရဲနည်းချမ်းသာနည်း၊ ကျောင်းပညာရေးနှင့် တစ်သက်တာ၊ အသိပညာနှင့် ဉာဏ်ပညာ၊ ထိပ်ဆုံးသို့၊ အလုပ်တစ်ခုလုပ်ရာတွင် ပြတ်ပြတ်သားသား လုပ်ကိုင်ခြင်း စသည့် ခေါင်းစဉ်များဖြင့် စာပေစကားဝိုင်းတွင် အပြန်အလှန် ဆွေးနွေးပြောကြားရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမြင့်ထွန်း၊ ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုတို့က ဖြည့်စွက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)