ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချ

ဝါးခယ်မ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ပေါ် သော်ကရပ်ကွက်ရှိ အိမ်ထောင်စု (၂၅၀)စုအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ  ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မိုးနောင်၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီးဝန်း အတွင်း၌ အိမ်‌ထောင်တစ်စုလျှင် ဆန်(၃)ပြည်နှုန်း ၃၀၀၀ ကျပ်၊ ဆီ (၅၀)ကျပ်သား၊ ကြက်ဥ(၂)လုံး ၃၀၀ ကျပ်၊ ဆား(၅၀) ကျပ်သားနှင့် ဟင်းသီးဟင်းရွက်တစ်မျိုး ၂၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း

ဝါးခယ်မ (ပြန်/ဆက်)