ငါးသိုင်းချောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ငါးသိုင်းချောင်း  စက်တင်ဘာလ ၁၄

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်တင်လင်းထွဋ်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာကြရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်းမြို့ ကြိုဆိုပါ၏ လမ်းဆုံတွင် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မြို့တွင်းလမ်းမများရှိ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ လဘ္ကရည်ဆိုင်များရှေ့နှင့် လူစည်ကားရာ နေရာများ၌ အနှေးယာဉ်ဆိုက္ကားများ၊ သုံးဘီးယာဉ်များ၊ ထော်လာဂျီများနှင့် မော်တော်ကားများ ကုန်တင်ကုန်ချ မပြုလုပ်ကြရန်၊ စာသင်ကျောင်းများရှေ့တွင် ကျောင်းတက် ကျောင်းဆင်းချိန်များ၌ အရှိန်လျော့မောင်းနှင်ကြရန် စစ်ဆေးကြပ်မတ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြပါသည်။

မြို့နေပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ သိရှိလိုက်နာခြင်းကြောင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်းရန်၊ အသက် (၁၈)နှစ် မပြည့်သေးသည့် သူများကို မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် မပြုကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)