သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်

သာပေါင်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ မြို့အဝင်ထွက်နေရာများနှင့် လမ်းဆုံလမ်းမများမှနေ၍ လိုက်လံနှိုးဆော် သတိအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး‌ ဦးစိန်ဆန်း၊ မြို့နယ် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ကော်မတီဝင်များ၊ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်း​ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က ဟန်းစပီကာဖြင့် အောက်ပါစည်းကမ်းချက်များကို သိရှိလိုက်နာ ဆောင်ရွက်ကြရန် ကြေငြာအပ်ပါသည်-

၁။      ဆိုင်ကယ်စီးနှင်းပါက အသက်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် အရည်အသွေး ပြည့်မှီသော ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတတ်ဆင်ပြီးမှ မောင်းနှင်သွားလာကြရန်

၂။       အရက်သေစာ သောက်စားမူးယစ်ပြီး စီးနင်းမောင်းနှင်ခြင်းမပြုကြရန်

၃။      သတ်မှတ်နှုန်းထားထက်ပို၍ အရှိန်ပြင်းစွာ စီးနင်းမောင်းနှင်ခြင်း မပြုကြရန်

၄။      လိုင်စင်မဲ့ဆိုင်ကယ်များ ဥပတိရုပ်မကောင်းသောဆိုင်ကယ်များ စီးနင်းမောင်းနှင်ခြင်း မပြုကြရန်

၅။      ယာဉ်မောင်းလိုင်စင်မရှိသူ၊ အသက်မပြည့်သူများ ဆိုင်ကယ်စီးနင်းမောင်းနှင်ခြင်း မပြုကြရန်

၆။      မော်တော်ယာဉ်‌ မောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိကျစွာလိုက်နာမောင်းနှင်ကြရန်

၇။      သတ်မှတ်ထားသော ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို တိကျစွာလိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူအပြစ်ပေးခြင်း ခံရမည်ဖြစ်ကြောင်း ဟန်းစပီကာနှင့် မြို့အဝင် အထွက်၊ လမ်းဆုံလမ်းမများကနေ၍ လှည့်လည်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း ပြန်/ဆက်