လပွတ္တာမြို့နယ်အတွင်းရှိ မသန်းစွမ်းသူများအား အိမ်တိုင်ရာရောက်​ ထောက်ပံ့ငွေများ ပေးအပ်

လပွတ္တာ  စက်တင်ဘာ ၁၅

ဧရာဝတီတိုင်း​ဒေသကြီး လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လပွတ္တာမြို့နယ် အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ် - ၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်အရ ယနေ့နံနက်ပိုင်း က တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက်အဖွဲ့ဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယခုအစီအစဉ်အရ လပွတ္တာမြို့နယ်ရှိ မသန်စွမ်းသူ (၉၉၄) ဦးနှင့်​​ မော်လမြိုင်ကျွန်းမြို့နယ် (၁၉၈၄) ဦးအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးထားခဲ့ပြီး ဖြစ်ပါသည်။

လပွတ္တာမြို့နယ်အတွင်း မသန်စွမ်း (၉၉၄) ဦးအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျန်ရှိသူများကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့်၊ ခရိုင် ပြန်/ဆက်