ချောင်းသာမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း(Booster) ထိုးနှံပေး

ချောင်းသာ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ချောင်းသာမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း(Booster)ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောင်းသာတိုက်နယ် ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း(Booster)ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးစတင်မထိုးနှံမီ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေး ကြည့်ရှုစောင့်ရှောက်မှုများပြုလုပ်ခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများအား နာရီဝက်ခန့် နားနေစောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

ချောင်းသာမြို့ရှိ ရပ်/ကွက်နှင့်ကျေးရွာများမှ သတ်မှတ်စုရပ်နေရာများတွင် သတ်မှတ်ရက်များအလိုက် ထပ်ဆောင်း(Booster)ကာကွယ်ဆေးများကို ထိုးနှံပေးနေပြီး ယနေ့တွင် ချောင်းသာမြိုပေါ်ရှိ ရပ်ကွက်စုစုပေါင်း (၃)ခုမှ ပြည်သူရည်မှန်းဦးရေ (၂၅၀)ဦးခန့်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။

ကျော်ကျော်(ပြန်/ဆက်)