ချောင်းသာ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နေပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဥ်/လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် ချောင်းသာမြို့ပင်မလမ်းကြီးတွင် ယနေ့နံနက် ၈ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆိုင်းဘုတ် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ဆိုင်းဘုတ်စိုက်ထူ အသိပညာပေးခြင်းဖြင့် ပြည်သူတွေအသိပညာရပြီး စည်းကမ်းလိုက်နာလာခြင်းနှင့် ပြည်သူများစည်းကမ်းလိုက်နာလာြခင်းမှ မလိုလားအပ်သော မော်တော်ကား၊ မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်သည့် အန္တရာယ်များ ကင်းရှင်းစေမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သောအသိပညာပေးအဖွဲ့မှ လမ်းသွားလမ်းလာ ပြည်သူများအား ဆိုင်ကယ်ဖြင့်သွားလာရာတွင် ဆိုင်ကယ်စီးဦးထုပ် ဆောင်း မဆောင်း ဆက်လက်စစ်ဆေးပြီး ဆိုင်ကယ်စီးဦးထုပ်မပါပါက ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန် ကြပ်မတ်မှာကြားခဲ့ကြသည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ ချောင်းသာနယ်မြေရဲစခန်းမှူး ဒုရဲမှူးမျိုးဇော်မြင့်နှင့် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်လှမိုးနှင့် ဌာနဆိုင်ရာအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ကျော်ကျော်(ပြန်/ဆက်)