လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

လေးမျက်နှာ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ အိုင်သပြုစျေးနှင့် ရှမ်းရွာ ကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာတို့တွင် စားသုံးကုန်စည်များကို စက်တင်ဘာလ ၁၄ ရက်နေ့က သွားရောက် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထိုသို့ ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြည်လျှင် ကျပ် ၁၅၀၀၊ ဆီ ၅၀ ကျပ်သားလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ရပ်ကွက်နေ ပြည်သူများကလည်း ဈေးနှုန်းသက်သာစွာဖြင့် လာရောက်စီစဉ် ရောင်းချပေးသည့် တာဝန်ရှိသူများကို ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)