ကြံခင်းမြို့နေ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ကြံခင်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် ပါးစပ်နှင့်နှာခေါင်းစီး (Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ဗိုလ်ချုပ်လမ်း၊ သိပ္ပံလမ်း၊ ဘုရားကြီးလမ်းတစ်လျှောက်နှင့် မြို့မဈေး လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး "Mask" အခု (၁၃၀၀)ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကူးစက်မြန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ "Mask" တပ်ဆင် သွားလာကြရန် အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)