လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

လေးမျက်နှာ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်း၌ ခမောက်စုကျေးရွာအုပ်စု၊ ခမောက်စုကျေးရွာနှင့် ပိန်းအင်းကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာတို့ကို သွားရောက်၍ အခြေခံစားသုံးကုန်စည်များ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်တစ်ပြည်လျှင်ကျပ် ၁၅၀၀၊ ဆီ ၅၀ ကျပ်သားလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူ အိမ်ထောင်စုများမှလည်း ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်အတွင်း ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)