မော်လမြိုင်ကျွန်းမြို့နယ်-လှိုင်းဘုန်း-သစ်ပုတ်-ကွင်းပေါက်-ပြင်စလူ ကားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းတွင် ပါဝင်သော လယ်ယာမြေလျော်ကြေးပေးချေခြင်း ဆောင်ရွက်

မော်လမြိုင်ကျွန်း  စက်တင်ဘာ  ၁၅

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းတွင်   ဖောက်လုပ်ခဲ့သည့် မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-သစ်ပုတ်-ကွင်းပေါက်-ပြင်စလူ ကားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေး ပေးချေခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမတွင် ယနေ့နံနက် နာရီခွဲ အချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ နှင့်အညီလျော်ကြေး ငွေပေးချေခြင်း ဆောင်ရွက်သည်။

အဆိုပါလမ်းမကြီး ဖောက်လုပ်ရာတွင် ပါဝင်သော လယ်ယာမြေပိုင်ရှင်များအား တစ်ဧကလျှင် သိန်းကျပ် နှုန်းဖြင့် (၂၁၀.၀၂) ဧကအတွက် ၁၄၇၀၁၄၀၀၀ ကျပ်အား လယ်ယာမြေပိုင်ရှင် (၁၂၂)ဦးထံသို့ Social Distancing နှင့်အညီလျော်ကြေးငွေ ပေးအပ်သည်။

အဆိုပါ ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)