လပွတ္တာ စက်တင်ဘာ ၁၅
ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ၊ လပွတ္တာ-မြောင်းမြ ကားလမ်းဘေး (၂)မိုင် ဧက(၁၀၀) စံပြစိုက်ကွင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ရဲမှူး ရဲမှူးမျိုးလွင်၊ အမှတ်(၈၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်ဆန်းတို့သည် လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ၊ လပွတ္တာ-မြောင်းမြ ကားလမ်းဘေး (၂)မိုင် ဧက (၁၀၀) စံပြစိုက်ကွင်း၌ ကားလမ်းဘေးကျေးရွာများရှိ မော်တော်ယာဉ်ပိုင်ရှင်များ၊ မော်တော်ဆိုင်ကယ်ပိုင်ရှင်များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် စနစ်တကျ မောင်းနှင်ကြရန်၊ မော်တော်ဆိုင်ကယ်စီးနင်းလျှင် ဦးထုတ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ဆင်မောင်းနှင်ကြရန်၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်စီးနင်းရာတွင် သတိပြုလိုက်နာရမည့် စည်းကမ်းချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီမောင်းနင်ကြရန် အသိပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ သတိပြုလိုက်နာရမည့် အချက်များအား လိုက်နာကြရန် အသိပညာပေးပြောကြားခဲ့ပြီး Mask များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်(ပြန်/ဆက်)