တနင်္သာရီမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်မှုထိန်းချုပ်ရေး Mask Campaign ပြုလုပ်

တနင်္သာရီ စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉မျိုး ရိုးဗီဇပြောင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးနှင့် မိဘပြည်သူများ၊ ခရီးသွား ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျဝတ်ဆင်သည့် အလေ့အထကောင်းများကို လိုက်နာကျင့် သုံးစေရေး ရည်ရွယ်၍ Mask Campaign ပညာပေးကို အပတ်စဉ်ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ချောင်းကြီးရပ်ကွက်၊ တိုးချဲ့(၁)လမ်းရှိ ပျံကျ(ယာယီ)ဈေးအတွင်း ဈေးသူ/သား၊ ဈေးဝယ်သူများ၊ ခရီးသွားပြည်သူများအား (Mask) များ အခမဲ့ဝေငှပေးပြီး အသိပညာပေး Mask Campaign အဖြစ် အရှိန်ဟုန်မပျက် ပြုလုပ်ပေးကြောင်း သိရှိရသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးသန့်နိုင်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲဥက္ကဋ္ဌ ဒေါ်စုမြတ်ဝင်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဆရာမများ၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ် တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်း၍ ခရီးသွားပြည်သူများ၊ ဈေးသူ/ဈေးသားများအား ယခုအချိန်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုနှုန်း ပြန်လည်မြင့်တက်လာနေပါသဖြင့် ကျန်းမာ ရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို သတိပြုဝတ်ဆင်ကြရေး အသိပညာပေး၍ (Mask) များကို အခမဲ့ဝေငှပေးပြီး MaskCampaign ပြုလုပ်ကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)