ငါးသိုင်းချောင်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အ.လ.က(ခွဲ)မြို့သစ်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာ ဉီးစီးဌာနက ဉီးဆောင်၍ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အခမ်းအနားတွင် အ.လ.က(ခွဲ)မြို့သစ် ကျောင်းအုပ်ဆရာကြီး ဉီးခင်ကြိုင်က ဟောပြောပွဲ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဉီးစီးမှူးဒါ်ချယ်ရီမြင့်က လူငယ်တွေကျန်းမာဖို့ စားတဲ့အစားအစာက အားဖြစ်စေဖို့ ရွှေးချယ်စားသုံးရမည့်အချက်များ ၊ စားသုံးသူရဲ့ အခွင့်အရေးများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်နှင်းယုဝေက စည်းကမ်းသည် လူ့တန်ဖိုး၊ စာရိတ္တသည် ကိုယ်ကျင့်တရား လူငယ်လူရွယ်များသည် စည်းကမ်းနှင့်စာရိတ္တကောင်းဖို့ အဓိကလိုအပ်ကြောင်းကို လည်းကောင်း၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နှင်းနှင်းအေးက လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်းကို လည်းကောင်း အသီးသီး ဟောပြောခဲ့ပါသည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီးထံ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား ကျောင်းသူများနှင့် အတူ ခေါင်း၊ ခါး၊ ခြေ၊ လက် လှူပ်ရှားခြင်း ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်ကို ပျော်ပျော်ပါးပါး ပြုလုပ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)