သံတောင်ကြီးမြို့နယ်တွင်ဒေသခံပြည်သူများတောင်ယာသီးနှံများဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

သံတောင်ကြီး စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ  စိုက်ပျိုးရေးလုပ်ငန်းကိုအသက်မွေးဝမ်းကျောင်းအဖြင့်အဓိကလုပ်ကိုင်လျက်ရှိရာ အဆိုပါစိုက်ပျိုးရေးလုပ်ငန်းမလုပ်ကိုင်မီ မိမိတို့ပိုင်ဆိုင်သည့်မြေလွှတ်များတွင်တောင်ယာများခုတ်ကာ  နှစ်တိုပင်သီးနှံပင်များ  စိုက်ပျိုးကြကြောင်းသိရသည်။

အဆိုပါ   ဒေသခံပြည်သူများသည်  တစ်နှစ်လျှင်တစ်ကြိမ်နွေရာသီအချိန်တွင် တောင်ယာများကို စတင်ခုတ်ပြီးမိုးဦးပိုင်းအချိန်၌ တောင်ယာစပါး၊ ပြောင်းဖူး၊ ကျောက်ဖရုံသီး၊ ဖရုံသီး၊သခွားသီး၊  ငရုတ်သီး၊ နနွင်း၊  ချည်ပေါင်စသည်တို့ကို   စိုက်ပျိုးလျက်ရှိရာ  စက်တင်ဘာလဒုတိယပတ်တွင်  စတင်ခူးယူ ရောင်းချလျက်ရှိသည်။တောင်ယာသီးနှံများကိုအများအားဖြင့်သံတောင်ကြီးမြို့ပေါ်တွင်သာရောင်းချပြီး မိသားစု အပိုဝင်ငွေရရှိကာ  စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။

စောမင်းသား