မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား ပါဆယ် စနစ်ဖြင့် ရောင်းချရန် အသိပေးလှုံ့ဆော်

မအူပင်  စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုံမှန်ရောင်းချလျက်ရှိသည့် လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား လူစုလူဝေး မဖြစ်စေရန်အတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ယမန်နေ့ ညနေပိုင်းက မြို့တွင်းသို့လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များ အနေဖြင့် လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင် များအား လူစုလူဝေး မဖြစ်ပေါ်စေရန် နေ့စဉ် နံနက် နာရီမှ နာရီအထိသာ ဖွင့်လှစ် ရောင်းချရန် ထုတ်ပြန်ကြေညာချက်အား မအူပင်မြို့အတွင်းသို့ လှည့်လည်လှုံ့ဆော် ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များအား ပူးပေါင်းပါဝင် လိုက်နာနိုင်ရန အသိပညာပေး လှုံ့ဆော်ခဲ့ကြောင်း မအူပင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။

အောင်ခိုင်(မအူပင်)