ဝေါလေမြိုင်မြို့ရှိ ဂေါ်လီချောင်းကမ်းပါးပြိုကျမှုမရှိ​စေ​ရေးအတွက် ဗာတီဘာမြက်များ စိုက်ပျိုးခြင်းနှင့် ချောင်းကမ်းထိန်းနံရံဆောင်ရွက်

ဝေါလေမြိုင်၊ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ဂေါ်လီချောင်းတစ်လျှောက် ချောင်းကမ်းပါး နေရာတစ်ချို့၌ ကမ်းပါးပြိုကျမှုများရှိနေသည့်အတွက် ချောင်းကမ်းပါးများ ဆက်လက်ပြိုကျမှု မရှိစေရေးအတွက် ဗာတီဘာမြက်များ စိုက်ပျိုးခြင်းနှင့် ချောင်းကမ်းထိန်းနံရံ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်မြို့ အုပ်ချုပ်ရေးမှူး ဦးကောင်းရီဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက ဝေါလေမြိုင်မြို့ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ​ဂေါ်လီ​ချောင်း ပေ ၄၀ ခန့်ကမ်းပြိုနေသည့်နေရာတွင် ဆက်လက်ပြိုကျမှုမရှိစေရေး အတွက် ဗာတီဘာမြက်များစိုက်ပျိုးခြင်းနှင့် ချောင်းကမ်းထိန်းနံရံပြုလုပ်ခြင်းများကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)