သာပေါင်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ အိမ်ထောင်စုစာရင်း (၆၆/၆)၊ မြေပြင်လူဦးရေတိုက်ဆိုင်စစ်ဆေးခြင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် ၊ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ပူးပေါင်းဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းရာတွင် အတူလိုက်ပါ ပူးပေါင်းဆောင်ရွက်ရန်၊ COVID-19 ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေးမှ ဆောင်းနေကြာ လျာထားဧက(၂၅၂၆)ဧကအတွက် မျိုးနေကြာရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန်၊ အကြမ်းဖက်သမားများ ဝင်ရောက်မှုမရှိစေရေး သတင်းချိတ်ဆက် ပေးပို့ဆောင်ရွက်ရန်တို့ကို အသေးစိတ်ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)