ငပုတော စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ မောင်းနှင်နိုင်စေရေး အသိပညာပေး ဟောပြောပွဲကို ငပုတောမြို့ အ.ထ.က ကျောင်း နဝရတ်ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့မစခန်းမှူး၊ ဒုရဲမှူးတင်မောင်က ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်း ပပျောက်စေရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီး မောင်းနှင်ရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်များအချိန်ကြာမြင့်စွာ ရပ်နားထားခြင်းများ မပြုလုပ်ရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍မစီးရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန် စသည့် လိုက်နာရမည့် စည်းကမ်းချက်များ ရှောင်ကြဉ်ရမည့် အချက်များကို အသိပညာပေးဟော ပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးသန်းဦးက ဆွေးနွေးဟောပြောရာတွင် (၂၀၂၀)တွင် ပါရှိသော ဥပဒေပုဒ်မများအကြောင်း၊ လမ်းဖြတ်ကူးပါကဘေးကင်းလုံခြုံမှုကို သတိပြုရမှုမည့် အချက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
အခမ်းနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)