မင်းလှ စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်အကျိုးခံစားခွင့်(၃) လစာထောက်ပံ့ငွေပေးအပ်ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
လူမှုရေးပင်စင်ပေးအပ်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်နှင့် တာဝန်ရှိသူများက မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်း(၆၆)အုပ်စုအတွင်းရှိ အသက် (၈၅)နှစ်အထက်အဘိုး အဘွား(၈၇၃)ဦးအတွက် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလများအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် ၂၁,၆၉၀,၀၀၀/- ကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ငွေများကိုရပ်ကွက်/ ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ သက်ကြီးဘိုးဘွားများထံထောက်ပံ့ငွေများကို အိမ်တိုက်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)