ကျိုက်လတ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကွန်ပလိုင်းရွာသစ်ကျေးရွာအုပ်စုအတွင်း ဒေသခံ အလှူရှင်နှင့် ကိုယ့်အားကိုယ်ကိုးဆောက်လုပ်နေသည့် ချောင်းကူးတံတားများ တည်ဆောက်နေခြင်း ကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ယနေ့ နံနက် (၉)နာရီခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်နှင့် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ကွင်းချောင်း-ကျုံလမု ချောင်းကူးကွန်ကရစ်တံတား၊ ကွင်းချောင်း(၁)ချောင်းကူးကွန်ကရစ်တံတားနှင့် ကွင်းချောင်း(၂) ချောင်းကူး ကွန်ကရစ် တံတားများအား ဒေသခံအလှူရှင်နှင့် ကျေးရွာမှပြည်သူများ ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များမှာကြားခဲ့ကြသည်။
ကွန်ပလိုင်းရွာသစ်ကျေးရွာအုပ်စု အတွင်းကြည့်ရှုစစ်ဆေးခဲ့သည့် တံတားများမှာ ကွင်းချောင်း-ကျုံလမုချောင်းကူးကွန်ကရစ်တံတားသည် အလျား-ပေ၂၀၀၊ အကျယ်-၁၃ပေ၊ ရေပြင်မှအမြင့်-၁၂ပေရှိပြီး ဒေသခံအလှူရှင် ဦးမြင့်သိန်း+ဒေါ်အေးအေးညိမ်း မိသားစုကကာလတန်ဘိုး ငွေကျပ်သိန်း(၇၀၀)ခန့် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းထားခြင်း၊ ကွင်းချောင်း(၁) ချောင်းကူးကွန်ကရစ် တံတားသည် အလျား-ပေ ၁၀၀၊ အကျယ်-၁၀ ပေ၊ ရေပြင်မှအမြင့်၈ပေ ရှိပြီးဒေသခံ အလှူရှင် ဦးဖိုးမင်း+ဒေါ်အေးကြွေ မိသားစုမှ ကာလတန် ဘိုးငွေကျပ်သိန်း(၁၀၀)ခန့် အကုန်အကျခံဆောက်လုပ် လှူဒါန်းထားခြင်း၊ ကွင်းချောင်း(၂) ချောင်းကူးကွန်ကရစ်တံတားသည် အလျား-၁၁၀ ပေ၊ အကျယ်-၁၀ ပေ၊ ရေပြင်မှ အမြင့်-၈ပေရှိပြီး ဒေသခံကျေးရွာနေပြည် သူများမှကိုယ့် အားကိုယ်ကိုးဖြင့်ကာလတန်ဘိုး ငွေကျပ် သိန်း(၁၂၀)ခန့် အကုန်အကျခံ ဆောက်လုပ် လှူဒါန်းထားခြင်း တို့ဖြစ်ပြီး ယခုအခါပြီးစီရန်အနည်းငယ်သာ လိုတော့မည်ဖြစ်ကြောင်းနှင့် တံတားများပြီးစီးသွားပါက ရွာအနီးအနားရှိ ကျေးရွာများသို့ အလွယ်တကူ သွားရောက် နိုင်မည် ဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သွားမည်ဖြစ်ကြောင်း ကွန်ပလိုင်းရွာသစ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်ထံကသိရသည်။
ဒေါ်ရီရီမြင့်