ပုသိမ် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံလက်လုပ်လက်စားပြည်သူများအတွက် စားသုံးကုန် ပစ္စည်းများအား ပြင်ပပေါက်စျေးထက်သက် သာသောနှုန်း ထားများဖြင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင်ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ဖြစ်သော ဆန်ကုန် သည်များ အသင်း၊ ဆီလုပ်ငန်းရှင်များအသင်း၊ ဆားလုပ်ငန်း ရှင်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဥ်ထိန်းတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နေ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥစသော အခြေခံစားသောက် ကုန်ပစ္စည်းများကို ၄.၉.၂၀၂၂ ရက်နေ့မှ စတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
တိုင်းဒေသကြီးအတွင်းရှိ (၂၆)မြို့နယ်တွင် ဆန်တစ်ပြည် ၁၅၀၀ကျပ်၊ စားဆီ ၅၀ကျပ်သားတစ်ဗူး ၂၅၀၀ကျပ်၊ ဆား ၅၀ကျပ်သားတစ်ထုပ် ၁၅၀ကျပ်၊ ကြက်ဥတစ်လုံး ၁၅၀ ကျပ်နှုန်း ထားများဖြင့် ရောင်းချပေးမှုကြောင့် ဆင်းရဲနွမ်းပါးသည့် ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်စျေးထက် သက်သာစွာ ဝယ်ယူစား သုံးနိုင်ပြီး ဆန်တစ်ပြည် ပျမ်းမျှ ၅၀၀ ကျပ်၊ ဆီငါးဆယ်သား တစ်ဗူးလျှင်ပျမ်းမျှ ၂၅၀၀ ကျပ်၊ ဆားတစ်ထုပ်လျှင် ပျမ်းမျှ ၁၀၀ ကျပ်၊ ကြက်ဥဆယ် လုံးလျှင်ပျမ်းမျှ ၇၀၀ ကျပ် လျော့နည်းသက်သာစွာ ရောင်းချပေးခဲ့သဖြင့် အိမ်ထောင်စုတစ်စုလျှင် ၃၈၀၀ ကျပ်ခန့် သက်သာစွာဝယ်ယူနိုင်မည်ဖြစ်သည်။
ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင် ပုသိမ်မြို့နယ်ရှိအမှတ်(၂) ရပ်ကွက်၊ နိဂြောဓာလမ်းတွင် လူတစ်ဦးလျှင် ဆန်(၁)ပြည်၊ စားဆီ(၅၀) ကျပ်သားတစ်ဗူးနှင့် ကြက်ဥငါးလုံး၊ ဆားတစ်ထုတ် စသည့်ကုန်ပစ္စည်း(၄)မျိုးကို ၅၇၅၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ရာ ရပ်ကွက်အတွင်းရှိပြည်သူများ စနစ်တကျ လာရောက် ဝယ်ယူလျက်ရှိကြောင်းသတင်းရရှိသည်။
မြင့်ဟန်