ဒိုက်ဦး စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က Contract Farming အကျိုးတူလယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ဒိုက်ဦးမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေယံကျော်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိန်လှက ပဲတီစိမ်းစိုက်တောင်သူများ ဖွဲ့စည်းထားရှိမှုအခြေအနေကိုရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ယွန်းလျှံကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာဦးအောင်မျိုးက ပဲတီစိမ်းစိုက်တောင်သူများနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြောကြားပါသည်။ ထို့နောက်ပဲတီစိမ်းစိုက်တောင်သူများမှ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဖအောင်ဝဲ၊ မင်္ဂလွန်း၊ သုံးခွနှင့်ပန်းကိုင်ကျေးရွာတို့မှ ပဲတီစိမ်းစိုက်တောင်သူ (၆၀)ဦးခန့်တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)