အုတ်တွင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေး

အုတ်တွင်း  စက်တင်ဘာ    ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးလမ်းရပ်ကွက်ရှိ စျေးလေးနေရာတွင် ရောင်းချပေးခဲ့သည်။

အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်းကို အုတ်တွင်းတပ်နယ်မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဒေသခံပြည်သူများစားဝတ်နေရေးအဆင်ပြေ​စေရန်အတွက် သက်သာသောစျေးနှုန်းများဖြင့် ဆန်၊ ဆီ၊ အသား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်နှင့်စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များကတစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှထွက်ရှိသည့် ဆန်၊ ဆီ၊ အသား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့်စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်စျေးထက်စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)