ညောင်တုန်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက် နေမှုလုပ် ငန်းအားသတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးကို နေ့စဉ်အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြရာ ယခုအခါတွင် သက်မှတ်ရက် ထက်စော၍ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ် ကြောင်းကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ် အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e – ID စနစ်ဖြင့် Software အသုံးပြုကာ စာရင်းများ ထည့်သွင်းသည့် လုပ်ငန်းများကိုဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြရာ သတ်မှတ်ကာလထက် စော၍ပြီးစီးခဲ့ခြင်း ဖြစ်သည်။
ညောင်တုန်းမြို့နယ်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ဇူလိုင်လမှ စတင်၍ နေ့စဥ်ဆောင်ရွက်ခဲ့ပြီး၊ အိမ်ထောင်စုပေါင်း (၅၂၀၀၂)စု၊ လူဦးရေပေါင်း (၁၇၆၂၄၀ )ဦးကို ပြီးစီးအောင် ထည့်သွင်းပြီးဖြစ်သဖြင့် ပြီးစီးမှုရာခိုင်နှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)