ပခုက္ကူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကို စက်တင်ဘာလ ၁၄ရက် နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆန်းလွင်က ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံနေကြာ (မိုး/ဆောင်း) အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးအကြောင်း ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တောင်သူများက ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံဆောင်းနေကြာ လျာထားဧကများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေးဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ခုနှစ်၊ ဆီထွက်သီးနှံနေကြာ (မိုး/ဆောင်း) အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရေးစီမံကိန်း တာဝန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာစိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့များသို့ ပေးအပ်ကြသည်။ ပခုက္ကူမြို့နယ်တွင် စားသုံးဆီထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ကျေးရွာအုပ်စု ၃၆ အုပ်စု၊ ကျေးရွာ၉၄ရွာတွင် ဆီထွက်သီးနှံဆောင်နေကြာ ၁၅၃၅၀ဧကတိုးချဲ့စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဘာမီသာ(ပြန်/ ဆက်)