ခမောက်ကြီးမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမရှိစေရန် Mask Campaign လှုပ်ရှားမှုဆောင်ရွက်

ခမောက်ကြီးမြို့  စက်တင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဗိုလ်ချုပ်လမ်းမကြီး၌ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းမကြီးတွင် ဖြတ်သန်းသွားလာနေသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ ပေါ့ဆနေခြင်းမရှိစေရန်၊ နေအိမ်ပြင်ပသို့ ထွက်ပါက ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်အပြည့် ထိုးနှံကြရန်နှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်စသည်တို့ကို အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးမြသက် (ပြန်/ဆက်)