ငရုတ်ကောင်းမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်းနှင့်ဈေးပြင်ပ၌ Mask နှာခေါင်း စည်းများစနစ် တကျတပ်ဆင်သွားလာရန်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေး

ငရုတ်ကောင်း   စက်တင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ ဈေးရောင်း/ ဈေးဝယ်များ အားနှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လက်ဆေးဘေစင်များ တပ်ဆင်ထား ရှိခြင်းများအား ယနေ့နံနက်ပိုင်းကစစ် ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငရုတ်ကောင်းမြို့စည်ပင်သာယာရေး အဖွဲ့မှအမှုဆောင်အရာရှိ ဦးရဲထွန်းဦးနှင့် ဝန်ထမ်းများကကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ မြို့မဈေးအတွင်းနှင့် ဈေးပြင်ပတို့၌ဈေးရောင်း/ ဈေးဝယ်သွားလာ လှုပ်ရှားနေသူများ ကိုနှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးပြီး ဈေးအဝင် အထွက်နေရာ များ၌ထားရှိသော လက်ဆေးဘေစင်များ၌ လက်ဆေးပြီးမှအဝင်အထွက်ပြုလုပ် စေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)