မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နိုင်ငံပိုင်ရင်းနှီးမြှပ်နှံမှု (ငွေလုံးငွေရင်း) အသုံးစရိတ် ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံပိုင် ရင်းနှီးမြှပ်နှံမှု (ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအား မြို့နယ်စီမံကိန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးသန်းထိုက်မှ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)