ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ရုပ်ပုံပြ၊ ပုံပြင်ပြောပြိုင်ပွဲဆောင်ရွက်

ကလိန်အောင် စက်တင်ဘာလ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲကို ယနေ့နေ့လယ် (၁) နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က ကျောင်းသား‌၊ ကျောင်းသူများအ‌နေဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိမြင်များ ဖလှယ်တတ် စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် လူမှု ပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်ကိုယ် ကို ယုံကြည်မှုရှိလာပြီး အမှားအမှန်များကို ဝေဖန်ပိုင်းခြားနိုင်စေရန်၊ စာအုပ်စာပေချစ်မြတ်နိုး သူများ ပိုမိုတိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောပြခဲ့သည်။

ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူရှိုင်း (လူရှေ့) စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည် "မိတ်ဆွေငါးဦး" ဆိုတဲ့ ရုပ်ပုံပြပုံပြင်‌ကို ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူ ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်မျာ းပေးအပ်ခဲ့ကြောင်းသိရသည်။

လူမင်းအောင် (ပြန်/ဆက်)