ဝါးခယ်မ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က ကနစိုးကုန်းကျောင်း၌ လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ခင်းကျင်းပြသရာ တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေး အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြသဆောင်ရွက် လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစာ လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် စာအုပ်စာစောင် များအား လေ့လာမှတ်သားဖတ်ရှုစေခြင်း၊ အားလပ်ချိန်တွင် အချင်းချင်းအပြန်အလှန် ဆွေးနွေးမှုများဆောင်ရွက်ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွား စေရန် ရည်ရွယ်၍ ယခုလို နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)